ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ကြေညာခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ

AnnouncementAnnouncementAnnouncementAnnouncement


နေပြည်တော် ဇန်နဝါရီ ၁၈ 
ထားဝယ်အထူးစီးပွားရေးဇုန် ကနဉီးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု လက်ရှိအခြေအနေအား အများပြည်သူ သိရှိနိုင်ရန် သတင်းကြေညာချက်အား (၁၈-၁-၂၀၂၁)  ရက်စွဲဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သတင်းထုတ်ပြန်ခြင်း အခမ်းအနားနှင့်အတူ သတင်းစာရှင်းလင်းပွဲအား ယနေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)ရှိ ရတနာခန်းမ၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများနှင့် အညီ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဖိတ်ကြားထားသည့် သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ပါသည်။